Posts

ပလ ကမ္ဘာလှ ပါဒရွှေစက်တော်ရာ🙏🙏🙏

Image
#ပလ ကမ္ဘာလှပါဒ ရွှေစက်တော်ရာ🙏🙏🙏 မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်း။ ************ ပါဒစက်တော်ရာဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊  စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်တည်ရှိကာ ပလစက်တော်ရာဟု လူသိများခဲ့သော ကမ္ဘာလှတောင် စက်တော်ရာဘုရားသည် ပလမြို့အနောက်ဘက် (၂)မိုင်ခန့်ကွာဝေးပြီး ပုလောမြို့နယ် တောင်ဘက် (၁၆)မိုင်ခွဲခန့် ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၂၈၀)ခန့်တွင် တည်ရှိသည်။ သမိုင်းမှတ်တမ်းများအရ ကမ္ဘာလှတောင်ကို ရသေ့တောင်ဟု အမည်တွင်ခဲ့ရာမှ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စတင်တွေ့ရှိခဲ့သည့် အချိန်မှစ၍  ဒေသခံများက စက်တော်ရာတောင်ဟူ၍လည်းကောင်း၊ ဘုရားတောင် ဟူ၍ လည်းကောင်း ခေါ်တွင်လာကြရာမှ တောင်ခြေအနီး၌ နေထိုင်ကြသော ကရင်လူမျိုးများက ကမ္ဗလတောင်ဟု ခေါ်ဆိုကြသည်။ တောင်နှင့်မြောက် စီးဆင်းနေသော ချောင်းကိုအစွဲပြု၍ ကမ္ဗလတောင်ဟုခေါ်တွင်လာရာမှ ယခုအခါ ကမ္ဘာလှတောင်ဟူ၍ အဆင့်ဆင့် အမည်ခေါ်တွင်လာခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။ #ပလကမ္ဘာလှပါဒ ရွှေစက်တော်ရာ သမိုင်း   ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~  ပလစက်တော်ရာရဲ့ သမိုင်းကို

ဆင်ကိုးရပ် ရေတံခွန်

Image
 ဆင်ကိုးရပ် ရေတံခွန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။ ကံပေါက်ဆိုတာ မြို့မကျ တောမကျတဲ့ နယ်မြို့လေးတစ်မြို့ပါ။ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသဆိုတာ အရမ်းစည်ကားတဲ့ နယ်မြို့လေးတစ်မြိုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ ကံပေါက်ဟာ အရမ်းထင်ရှားကျော်ကြားတဲ့ ဆင်ကိုးရပ် ရေတံခွန်နှင့် ဖားချောင်းအင်းကမ်းခြေ၊ ကင်းတောင်ရွာမှာရှိတဲ့ ပင်လယ်ကြီးကမ်းခြေ၊ ဖောင်းတောရွာရဲ့ မော်ကြီးကမ်းခြေ စသည့် ကမ်းခြေများစွာရှိတဲ့ နယ်မြိုလေးတစ်မြို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကံပေါက်မြို့က ရေတံခွန်လေး တစ်ခုအကြောင်းကို ဖော်ပြပေးပါမယ်နော်။  ဆင်ကိုးရပ် (သို့မဟုတ်) ဆင့်ကိုးထပ် ရေတံခွန် ဘယ်လိုသွားမလဲ ရေတံခွန်က ကံပေါက်မြို့အ၀င် လမ်းနံဘေးမှာတည်ရှိပါတယ်။ ထား၀ယ်ကနေ ၄၉ မိုင်သွားပြီးလို့ကလိန်အောင်ရောက်ရင် ကံပေါက်ကိုသွားတဲ့ လမ်းခွဲလေးအတိုင်း ၀င်သွားရတဲ့ ကံပေါက်မြို့အ၀င်မှာတွေ့ပါလိမ့်မယ်။ ရေတံခွန်အနီးမှာ ယာတောတွေ ရှိပါတယ်။ ယာထဲသွားသည့် လမ်းလေးအတိုင်း ရေတံခွန်ကို သွားလို့ရပါတယ်။ မြေသားလမ်းမို့ မိုးရာသီဆို လမ်းနည်းနည်း ဆိုးပါတယ်။ ကားလမ်းမကနေ ယာတောသွားသည့် လမ်းလေးအတိုင်း မိနစ် ၃၀ ခန့်သွားရင် ရေတံခွန် အစပ်နား

ဝါးပလုပ် ဖျော်ရည်

Image
#ဝါးပလုပ် ဖျော်ရည် ====== တနသာင်္ရီတိုင်းရဲ့ သဘာဝအစားအစာလေး တစ်ခုပါ။🎋🎍မိုးဦး ပေါက်ချိန်မှာ ဝါးပေါက်သားလေး ရဲ့ ခြေရင်း ၃ဆစ်လောက် ကနေ ရေဝင်ရုံလေး ဓားနဲ့ အပေါက်ဖြစ်အောင် လုပ်ရတယ်။  🎍တစ်ပင်မှာ ၂ဆစ် ၊ ၃ဆစ်လောက်ဘဲ ဖောက်။ (ဖောက်တာများရင် ဝါးမျိုးတုံးမှာဆိုးလို့လေ) မျှစ်ခူးတစ်ခါ၊ ဝါးပလုပ်တစ်ခါဆို နှစ်ခါနာလို့ပါတဲ့🎍အဲ့မှာ မိုးရွာရင် မိုးရေက ဝါးပေါက်ထဲကိုဝင်တော့၊ ၁၀- ၁၅ရက်လောက်နေရင် သွားကြည့်လိုက်ရင် သဘာဝ #ဝါးပလုတ် ဆိုတာလေး ရပြီပေါ့။စားလိုက်ရင် အိအိတုန်တုန် ဂျယ်လီလေး။ ဝါးစိမ်းနံ့သင်းသင်းလေး ဌက်သိုက်တို့ ဆေးကုလားမတို့ သောက်ရသလိုမျိုးလေး ။ 🎍ဝါးပလုပ်က အဓိက ရင်၊ ဝမ်းအေးတယ်။ အမောပြေတယ်။ကျောက်ကပ်၊အသည်း အားပေးတယ်။ ကလေးတွေဆို ကြိုက်မှာ ဂျယ်လီလိုမျိုးဆိုတော့ (ကိုယ်တော့ အရမ်းကြိုက်) ချောင်းမဆိုးတဲ့ သဘာဝ ဂျယ်လီလို့တောင်ပြောလို့ရတယ်။  🍯ပျားရည်၊ သကြားညို၊🥛 နို့စိမ်း၊🥛 နို့ဆီ၊ သံပုရာ၊🍋 ဇီး၊ နို့သစ်ခွ စတာလေးတွေ နဲ့ တွဲပြီးသောက်လို့ရပါတယ်။  ✅ ဘယ်လောက်ကြာကြာခံသလဲ❓ ဝါးပလုတ်ကို လေလုံသောဘူးဖြင့် (၂)ပတ်တိတိ သာမန်အပူချိန်တွင်ထားနိုင်ပြီး ရေခဲသေတ္တာထဲတွင် လနဲ့ချီခံပါတယ် ....... (အရောင်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

Image
ကော့သောင်း  ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း ================================================================== မြန်မာနိုင်ငံတောင်ဖက်စွန်း       ကော့သောင်းမြို့မှ       မြောက်ဘက်သို့ ပြည်ထောင်စု လမ်းမကြီးအတိုင်းသွားမည်ဆိုပါက (၂၅)မိုင်ခန့်အကွာမှာ                      "မလိဝမ်း” လို့ခေါ်သည့် ကျေးရွာလေးတစ်ရွာရှိသည်။  ၁၇၅၀ပြည့်နှစ်ဝန်းကျင်ခန့်က ပါချန်မြစ်ရိုးချောင်းဖျားဒေသများသို့    ထိုင်း - ရှမ်း၊ ပသျှူး ၊ ဆလုံ နှင့်    လူနည်းစု  မြန်မာလူမျိုးများသည်      အခြချနေထိုင်ကြဖို့ နယ်ပယ်ရှာဖွေ ကြရင်း    တစ်နေ့မှာ    တောစံပယ်ပန်းလေးများ  အစီစီအရီရီ  ပွင့်ဖူးနေသည့် ကျယ် ဝန်းပြန့်ပြူးပြီး   အခြေချ  နေထိုင်ကြဖို့   သင့်တော်သည့်    ထိုနေရာ လေး ကိုစတင်တွေ့ရှိ ခဲ့ကြကြောင်းမှတ်သားဖူးသည်။ ထိုင်းဘာသာစကား (မာလိ=စံပယ်ပန်း၊  ဝမ်=နေ့၊ မာလိဝမ်=စံပယ်တောပန်းလေး များပွင့်သောနေ့) မှသည် (မလိဝမ်းကျေးရွာ ) ဟု ဆင်းသက် ခေါ်ဝေါ် ခဲ့ကြကြောင်းသိရသည်။ မလိဝမ်းကျေးရွာ တွင်    အိမ်ခြေ  ( ၁၀၀၀ )ကျော်  ခန့် ရှိပြီး ကျေးရွာပြည်သူများမှာ    မိရိုးဖလာ  ဥယျာဉ်ခြံ၊  ရော်ဘာခြံ၊  လယ်ယာစိုက်ပျ

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)

Image
#ရှင်ဆံတော်🙏🙏🙏 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့။ ******************************************* ထားဝယ်မြို့မှ မြောက်ဘက် ၄၇မိုင်အကွာ၊ ထားဝယ်မြို့နှင့် ရေးမြို့သွား ကားလမ်းနဘေးရှိ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်အရပ်၏ အနောက်ဘက်ခြမ်း ထားဝယ်မြစ်ကမ်းနားက တောင်ပေါ်မှာ ရှိပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်းမှာ ကျင်းပလေ့ရှိတယ်။ ဗုဒ္ဓအဖြစ်ရောက်တော်မူပြီး ၁၁ဝါမြောက်တွင် ဂေါတမမြတ်စွာဘုရားသည် ဝေမိဿကတောင်သို့ ဈာဉ်ဖြင့် ကြွချီတော်မူတယ်။ ထိုတောင်မှာ ဂဝံပတေ့ရသေ့၊ ဒူရကနတ်သားနှင့် ကုမ္ဘဏ္ဍဘီလူးတို့ မှီတင်းနေထိုင် ကြတယ်။ မြတ်စွာဘုရားအား ဦးစွာဖူးတွေ့သူမှာ ကုမ္ဘဏ္ဍဘီလူးဖြစ်ပြီး၊ ဒုတိယ ဖူးရသူမှာ ဂဝံပတေ့ရသေ့ဖြစ်ကာ နောက်ဆုံး ဖူးရသူမှာ ဒူရကနတ်သား ဖြစ်တယ်။ မြင်ရရုံဖြင့်ပင် သဒ္ဒါတရား ထက်သန်လာသောကြောင့် သစ်သီးသစ်ဥတို့ဖြင့် ပူဇော်မှု ပြုကြတယ်။ မြတ်ဗုဒ္ဓသည် သစ်သီးဆွမ်းတို့ကို ဘုန်းပေးပြီးနောက် သင့်လျော်ရာ တရားကို ဟောကြားတော်မူသည်။ ဒေသနာအဆုံးမှာ ဂဝံပတေ့ရသေ့သည် ရဟန္တာ ဖြစ်တော်မူတယ်။ ကျွတ်ထိုက်သူအား ခြေချွတ်နိုင်ပြီဆိုတော့ မြတ်ဗုဒ္ဓလည

ရှင်တောင့်ပုံစေတီတော်မြတ် (‌သမိုင်းဝင် ရှင်ကိုးရှင်)

Image
============== ရှင်တောင့်ပုံစေတီတော်မြတ်  တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့။ ရှင်တောင့်ပုံစေတီ ထားဝယ်မြို့မှ ၁၈ မိုင်အကွာ၊ သရက်ချောင်းမြို့နယ်၊အရှေ့တောင်ပေါ်တွင်တည်ရှိပါသည်။ သမိုင်းဝင် " ရှင်တောင့်ပုံ " စေတီသည် ( မြှားပုံ ) ( မြှားပလုံး ) ( မြှားကျည်တောက် ) များစုပုံရာဘုရားစေတီဟုအဓိပ္ပာယ်ရပါသည်။အမြင့်ပေ ( နှစ်ထောင် ) ကျော်ခန့်တွင်တည်ရှိသောတောင်ပေါ်စေတီလေးတဆူဖြစ်သည်။ "တောင့်ပုံမတ်စောက်တက်မရောက်" ဟူ၍ဆိုရိုးစကားရှိသောစေတီရှိရာတောင်ပေါ်သို့မြွေလိမ်မြွေကောက်ပုံသဏ္ဍန်၊ ကွန်ကရစ်လမ်းခင်းထားသောကြောင့် ကား၊ဆိုင်ကယ်ဖြင့်လွယ်ကူစွာသွားရောက်ဖူး​မျှော်နိုင်ပါသည်။ " စေတီ၏ သမိုင်းအကျဥ်း " "မှိုင်းကာရီ" ကိုအုပ်စိုးသောဆင်ဖြူရှင်မဟာနရိန္ဒဘွဲ့ခံ မင်းတရား၏မိဖုရားကြီး စုမဒ္ဒီဒေဝီအလိုဆန္ဒအတိုင်း ရွှေအဆင်းရှိသောဥဒေါင်းကိုဖမ်းယူပြီးနန်းတော်အတွင်းမွေးမြူရန်အတွက် မုဆိုးအကျော်အမော်ဖြစ်သည့် မုဆိုးကျော် မောင်နွားကိုလွှတ်၍ဖမ်းစေခိုင်းခဲ့ပါသည်။ မုဆိုးကျော်ကြီးလည်းဥဒေါင်းဖမ်းရန်ထွက်လာစဉ်ရှင်တောင့်ပုံစေတီတည်ရာတ

ရှင်ဇလွန်စေတီ (သမိုင်းဝင် ရှင်ကိုးရှင်)

Image
#ရှင်ဇလွန်စေတီ 🙏🙏🙏 တနင်္သာရီတိုင်းဒေသကြီး၊  ******************************************** ရှင်ဇလွန် စေတီသည် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းသာဂရ တွင်တည်ရှိပါသည်။ ရှင်ဇံ တည်ခဲ့သော ရှင်ဓာတ်ဝဲ ဘုရား၏ ထားဝယ်မြစ်တစ်ဖက်ကမ်းတွင်တည်ရှိပြီး ရှင်ကိုးရှင် အစဉ်အတိုင်းတွင် သတ္တမ နေရာ၌တည်ရှိပါသည်။ #ရှင်ဇလွန်ဘုရားစေတီသမိုင်းအကျည်းချုပ်မှာ သမိုင်းအရ ကောဇာသက္ကရာဇ် (၁၅၀) ပြည့်နှစ်တွင် နှမ မယ်ရှင်ဇောက မိမိရရှိထားသောဓာတ်ပွားကို အဓိဌာန်ဖြင့် လွှတ်ရာ ထားဝယ်မြစ်နောက်ဘက်ကမ်း မြတ်စွာဘုရား၏ သလွန်တော် ဋ္ဌာပနာဖူးသည့် စေတီဟောင်းနေရာတွင် ရပ်တန့်၍ ထိုစေတီဟောင်းကို ထပ်မံဋ္ဌာပနာထားပြီး စေတီတည်လေသည်။ မြတ်စွာဘုရား၏ မြသလွန်တော်ကို ဌာပနာဖူးပြီးတည်ထားစေတီဟောင်းကိုပြုပြင်တည်ထားသောကြောင့် ရှေးတည်ရင်းအမည် ဟောင်းအတိုင်းပင် "ရှင်သလွန်စေတီတော်" ဟုခေါ်တွင်လေရာမှ" ရှင်ဇလွန်" စေတီတော်ဟု၍အမည်တွင်လာသည်ဟုလည်းအဆိုရှိပါသည်။ ရှင်ဇလွန်ဘုရား၏ ထူးခြားချက်မှာ စေတီ၏ ခေါင်းလုံးပုံ မထက်ပိုင်းပတ်လည် အင်္ဂတေ ပန်းဖြစ်ပါသည်။ သီရိဝစ္ဆ ပုံ အင်္ဂတေပန်းဖြစ်၍ အလွန်ရှေးကြပြီး ပျူခေတ်နှင့် ခေတ်ပြိုင