ဝါးပလုပ် ဖျော်ရည်

#ဝါးပလုပ် ဖျော်ရည်
======
တနသာင်္ရီတိုင်းရဲ့ သဘာဝအစားအစာလေး တစ်ခုပါ။🎋🎍မိုးဦး ပေါက်ချိန်မှာ ဝါးပေါက်သားလေး ရဲ့ ခြေရင်း ၃ဆစ်လောက် ကနေ ရေဝင်ရုံလေး ဓားနဲ့ အပေါက်ဖြစ်အောင် လုပ်ရတယ်။ 
🎍တစ်ပင်မှာ ၂ဆစ် ၊ ၃ဆစ်လောက်ဘဲ ဖောက်။ (ဖောက်တာများရင် ဝါးမျိုးတုံးမှာဆိုးလို့လေ) မျှစ်ခူးတစ်ခါ၊ ဝါးပလုပ်တစ်ခါဆို နှစ်ခါနာလို့ပါတဲ့🎍အဲ့မှာ မိုးရွာရင် မိုးရေက ဝါးပေါက်ထဲကိုဝင်တော့၊ ၁၀- ၁၅ရက်လောက်နေရင် သွားကြည့်လိုက်ရင် သဘာဝ #ဝါးပလုတ် ဆိုတာလေး ရပြီပေါ့။စားလိုက်ရင် အိအိတုန်တုန် ဂျယ်လီလေး။ ဝါးစိမ်းနံ့သင်းသင်းလေး ဌက်သိုက်တို့ ဆေးကုလားမတို့ သောက်ရသလိုမျိုးလေး ။
🎍ဝါးပလုပ်က အဓိက ရင်၊ ဝမ်းအေးတယ်။ အမောပြေတယ်။ကျောက်ကပ်၊အသည်း အားပေးတယ်။ ကလေးတွေဆို ကြိုက်မှာ ဂျယ်လီလိုမျိုးဆိုတော့ (ကိုယ်တော့ အရမ်းကြိုက်) ချောင်းမဆိုးတဲ့ သဘာဝ ဂျယ်လီလို့တောင်ပြောလို့ရတယ်။ 
🍯ပျားရည်၊ သကြားညို၊🥛 နို့စိမ်း၊🥛 နို့ဆီ၊ သံပုရာ၊🍋 ဇီး၊ နို့သစ်ခွ စတာလေးတွေ နဲ့ တွဲပြီးသောက်လို့ရပါတယ်။ 

✅ ဘယ်လောက်ကြာကြာခံသလဲ❓
ဝါးပလုတ်ကို လေလုံသောဘူးဖြင့် (၂)ပတ်တိတိ
သာမန်အပူချိန်တွင်ထားနိုင်ပြီး
ရေခဲသေတ္တာထဲတွင် လနဲ့ချီခံပါတယ် .......
(အရောင် အနည်းငယ်ပြောင်းတတ်ပါတယ်)

✅ ဘယ်သူတွေ အတွက်သင့်လျှော်လဲ?

▶️ဝါးပလုတ်ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အတွက်

▶️လူကြီး လူငယ်မရွေးသောက်သုံးနိုင်ပါတယ်

▶️ချွေးထွက်များသူများ၊ ကျောက်ကပ်/အသဲဝေသနာရှင်များအတွက်အထူးသင့်လျှော်ပြီး

▶️ဆီးပူ၊ ဆီးအောင့် ၊ ဆီးကျင် ဝေသနာရှင်များ

▶️အပူအပုတ်ကင်းလိုသူများအပြင်

▶️အဓိက ရင်၊ ဝမ်းအေးတယ်။ အမောပြေတယ်။ကျောက်ကပ်သန့်တယ်..အသည်း အားပေးတယ်..အမျိုးသမီးတွေအသားအရည် ကြည်လင်တယ်.ဝိတ်ကျတယ်..
 🍋သံပုရာရည်ထဲ ဝါးပလုတ်လေးတွဲသောက် ဝါးနံ့သင်းသင်းလေးနဲ့ ရင်ထဲကိုအေးသွားရော...🥛နို့နဲ့ရောပြီးမစ်ရှိတ်လေး လုပ်သောက်လည်း ရပါတယ်။

▶️ကလေးနဲ့ သက်ကြီးရွယ်အိုများအတွက်
Chemicals မပါသော သဘာဝ သရေစာအဖြစ် သင့်လျှော်ပါတယ်

✅ ကိုယ်ဝန်ဆောင်သည် သောက်လို့ရလား❓
သဘာဝကရပြီး ဘေးဥပါတ်ကင်းသော
တိုင်းရင်းသား အစားအစာ ဖြစ်သည့်အပြင်
အထက်ပါ အကျိုးကျေးဇူးများကြောင့် သောက်သုံးနိုင်တာဖြစ်ပါတယ် ......

✅ဝါးပလုတ်ကို ဘယ်လိုဖျော်ရမလဲ ❓
ဝါးပလုတ်ကို ရေ၊ နို့ဆီ၊ သကြား၊ နို့စိမ်း တို့ဖြင့်
လိုသလို ရော၍ အရသာရှိစွာသောက်သုံးနိုင်သလို
လူကြီးများအကြိုက် ပျားရည်နဲ့ ဖျော်စပ်ကာ
သံပုရာသီးလေးညစ်ပြီး သဘာဝအရသာအတိုင်းလည်းဖျော်စပ်နိုင်ပါတယ် ကလေးများအတွက်လည်း အန္တာရာယ်ကင်းပြီး ဓာတုပစ္စည်များ မပါဝင်တဲ့ သဘာဝဂျယ်လီ ဖျော်ရည်အနေနဲ့ သောက်သုံးဖို့ သင့်လျှော်ပါတယ်။

#Crd to photo and original writer


Comments

  1. ကြားဖူးပြီး တခါမှ မသောက်သောဖူးလို့ သောက်ဖူးချင်လို့တာ 🥤🥤

    ReplyDelete

Post a Comment

Popular posts from this blog

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)