ဝါးပလုပ် ဖျော်ရည်
#ဝါးပလုပ် ဖျော်ရည် ====== တနသာင်္ရီတိုင်းရဲ့ သဘာဝအစားအစာလေး တစ်ခုပါ။🎋🎍မိုးဦး ပေါက်ချိန်မှာ ဝါးပေါက်သားလေး ရဲ့ ခြေရင်း ၃ဆစ်လောက် ကနေ ရေဝင်ရုံလေး ဓားနဲ့ အပေါက်ဖြစ်အောင် လုပ်ရတယ်။ 🎍တစ်ပင်မှာ ၂ဆစ် ၊ ၃ဆစ်လောက်ဘဲ ဖောက်။ (ဖောက်တာများရင် ဝါးမျိုးတုံးမှာဆိုးလို့လေ) မျှစ်ခူးတစ်ခါ၊ ဝါးပလုပ်တစ်ခါဆို နှစ်ခါနာလို့ပါတဲ့🎍အဲ့မှာ မိုးရွာရင် မိုးရေက ဝါးပေါက်ထဲကိုဝင်တော့၊ ၁၀- ၁၅ရက်လောက်နေရင် သွားကြည့်လိုက်ရင် သဘာဝ #ဝါးပလုတ် ဆိုတာလေး ရပြီပေါ့။စားလိုက်ရင် အိအိတုန်တုန် ဂျယ်လီလေး။ ဝါးစိမ်းနံ့သင်းသင်းလေး ဌက်သိုက်တို့ ဆေးကုလားမတို့ သောက်ရသလိုမျိုးလေး ။ 🎍ဝါးပလုပ်က အဓိက ရင်၊ ဝမ်းအေးတယ်။ အမောပြေတယ်။ကျောက်ကပ်၊အသည်း အားပေးတယ်။ ကလေးတွေဆို ကြိုက်မှာ ဂျယ်လီလိုမျိုးဆိုတော့ (ကိုယ်တော့ အရမ်းကြိုက်) ချောင်းမဆိုးတဲ့ သဘာဝ ဂျယ်လီလို့တောင်ပြောလို့ရတယ်။ 🍯ပျားရည်၊ သကြားညို၊🥛 နို့စိမ်း၊🥛 နို့ဆီ၊ သံပုရာ၊🍋 ဇီး၊ နို့သစ်ခွ စတာလေးတွေ နဲ့ တွဲပြီးသောက်လို့ရပါတယ်။ ✅ ဘယ်လောက်ကြာကြာခံသလဲ❓ ဝါးပလုတ်ကို လေလုံသောဘူးဖြင့် (၂)ပတ်တိတိ သာမန်အပူချိန်တွင်ထားနိုင်ပြီး ရေခဲသေတ္တာထဲတွင် လနဲ့ချီခံပါတယ် ....... (အရောင်