Posts

Showing posts from July, 2022

ရှင်ဓာတ်ဝဲ စေတီ (သမိုင်းဝင် ရှင်ကိုးရှင်)

Image
ရှင်ဓာတ်ဝဲ ထားဝယ်မြို့မှ မြောက်ဘက် ရေးမြို့သို့ သွားတဲ့ ကားလမ်းအတိုင်း ၇မိုင်အကွာမှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာ အနီးမှာ ရှိပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်းမှာ ကျင်းပကြတယ်။ ရှင်အရဟံမထေရ်မြတ်ဟာ ပုဂံမှာ ဗုဒ္ဓသာသနာ ပြန့်ပွားစေပြီးနောက် အခြားတိုင်းဒေသတွေကိုလည်း သာသနာပြု ထွက်ခဲ့ပါတယ်။ ဘုရားဒါယိကာ ဖြစ်နိုင်မယ့် သူတွေထဲမှာမှ မောင်ဇံနှင့် မယ်ဇော ကို စျာန်တန်ခိုးနဲ့ ဆင်ခြင်မိတယ်။ မောင်ဇံနှင့်မယ်ဇောကို ရှင်ဇံနှင့် ရှင်ဇောလို့လည်း ခေါ်ကြတယ်။ သူတို့က အမြွှာမောင်နှမတွေပါ။ အမြွှာမောင်နှမရဲ့ မွေးဖွားလာခဲ့ပုံက တမျိုးဆန်းကြယ်တယ်။ အရင်တုန်းက မောင်နွားဆိုတဲ့ မုဆိုးကြီးတစ်ဦး ရှိခဲ့တယ်။ မုဆိုးကြီးဟာ ဂိရိပစ္စယရသေ့ကြီးရဲ့ တရားတွေ နာပြီးနောက်မှာ မုဆိုးအလုပ်ကို စွန့်လွှတ်ပြီး ရသေ့ဝတ်ခဲ့တယ်။ ဘွဲ့နာမည်က ဂေါဝိန္ဒရသေ့ တဲ့။ ဆရာဖြစ်သူ ဂိရိပစ္စယရသေ့ကြီးထံမှာ တရားထိုင်နည်းတွေ သင်ယူပြီးတော့ ဖိုးသူတော်ကွာစိနှင့်အတူ ဣသိန္ဒြတောင်မှာ ပြောင်းရွှေ့သီတင်းသုံးတယ်။ နောက်တော့ ဂေါဝိန္ဒရသေ့ကြီး အမှီအခိုပြု နေထိုင်တဲ့တောင်ဖြစ်လို့ မှီအုံးတောင်ဟု ပြောင်းလဲခေါ်လာကြတယ်။ ဂေါဝိန္

ရှင်ဥဩ နန်းဦးစေတီ (သမိုင်းဝင် ရှင်ကိုးရှင်)

Image
#ရှင်ဥသြဘုရား🙏🙏🙏 တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ပိန္နဲတော ရပ်ကွက်။ ******************************************* ရှင်ဥဩ ဘုရားသမိုင်း ထားဝယ်မြို့၊ပိန္နဲတောရပ်ကွက်၊ ရွှေကျောင်းကြီးဝင်းအတွင်း၌ တည်ရှိသော ရှင်ဥသြစေတီ သည်ဖောင်းရစ် ၁၁ ရစ်ရှိသဖြင့်တည် ဆောက်ပုံ ထူးခြားသော စေတီတစ်ဆူဖြစ်သည်။ရွှေတောင်စားမင်း၊ မင်းရှင်ဇော်သည် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် ပိန္နဲတောရပ်တွင် ရွှေကျောင်းကြီးကိုဆောက်လုပ်၍ နန်းစံခဲ့ကာ သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် နန်းဦးစေတီအဖြစ် ရှင်ဥသြစေတီကို တည်ခဲ့သည်။မင်းရှင်ဇော် သည် ရွှေဥသြစေတီကိုတည်အပြီး နှစ် နှစ် အကြာတွင် ရွှေတောင်စားစေတီကို ထပ်မံ တည်ထားခဲ့သည်။ ရှင်ဥသြစေတီတွင် မြန်မာသက္ကရာဇ် ၁၁၆၅ ခုနှစ်က ထားဝယ်မြို့ဝန် ရာဇသြင်္က ံ သမီးမောင်နှံ လှူဒါန်းခဲ့သည့် ကုန်းဘောင် ခေတ်ခေါင်းလောင်းတွင် ကမ္ဗည်းစာ ၁၃ ကြောင်းရေးထိုးထားသည်။ ရာဇသြင်္က ံသည် အမရပူရ ပထမမြို့တည် ဗဒုံမင်း၏ ငယ်ကျွန်ရင်း ဖြစ်ကာ ခေါင်းလောင်းစာကြောင်းရေ (၈) တွင် သာယာဝတီ အမည်ရှိသော ဓားဝယ်မြို့ဟု ရေးထိုးထားသဖြင့် ကုန်းဘောင်ခေတ်တွင် ထားဝယ်ကို သာယာဝတီဟုလည်း ခေါ်ဆိုခဲ့ကြောင်း တွေ့ရှိရပေသည်။ ရွှေကျောင်းကြီးအတွင်းဘက်တွင် နန်

ရှင်မုတ္ထီးဘုရားကြီး (သမိုင်းဝင် ရှင်ကိုးရှင်)

Image
သမိုင်းဝင် ရှင်ကိုးရှင် နံပါတ်စဉ် ၂ #ရှင်မုတ္ထီးဘုရားကြီး🙏🙏🙏 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊  ရှင်မုတ္ထီးရွာ။ ******************************************** #ရှင်မုတ္ထီးဘုရားသမိုင်း 🙏🙏🙏 .. အေဒီ ၁၄၃၈ ခုနှစ် သက္ကရာဇ် ၈ဝဝ ပြည့်နှစ်တစ်ခိုတွင် သီဟိုဠ်ကျွန်း၌ အုပ်စိုးလျက်ရှိသော ဆဋ္ဌသီရိ ပရက္ကမဗာဟုမင်းသည် သာသနာတော်ကို ကြည်ညိုသည့်အတိုင်း ပင်လယ်ရပ်ခြား ဒေသများ၌ သာသနာထွန်းကားစေလိုသဖြင့် ဗောဓိညောင်သားဖြင့် ဘုရားရှင်ကိုယ်စားရုပ်ပွားတော် လေးဆူကို ထုလုပ်ကာ ဖောင်လေးစင်းတွင် အသီးအသီး တင်ဆောင်၍ ပင်လယ်သို့ မျှောလေသည်။ ဆင်းတုတော် အသီးအသီး၏ အောက်၌ ကျောက်ပြားဝိုင်း (အလယ်တွင် အပေါက်နှင့် လှည်းဘီးဝိုင်း ပုံသဏ္ဌာန်ဖြစ်၏။)ကို ပလ္လင်အဖြစ်ခံလျက် ဗောဓိတစ်ပင်စီ ကိုလည်း စိုက်လျက် ထည့်လိုက်လေသည်။ ထိုဆင်းတုတော်လေးဆူအနက် တစ်ဆူသည် ပုသိမ်မြို့ သို့လည်းကောင်း (ယခု ရွှေမုဋ္ဌောဘုရားခေါ်သည်ဟု ဆို၏။) တစ်ဆူသည် ကျိုက်ထိုမြို့သို့၎င်း (ယခု ကျိုက်ပေါလောဘုရား ဟု ခေါ်၏။) တစ်ဆူသည် ကျိုက္ခမီမြို့သို့၎င်း (ယခု ကျိုက္ခမီ ရေလယ်ဘုရားဟု ခေါ်၏။) ကျန်တစ်ဆူသည် ထားဝယ်မြို့ ဒေသသို့၎င်း ရောက်ရှိလာလေသည်။

ရှင်ပင်ခရု စေတီ (သမိုင်းဝင် ရှင်ကိုးရှင်)

Image
  #ရှင်ပင်ခရုစေတီ 🙏🙏🙏 တနင်္သာရီတိုင်းဒေသကြီး၊  ******************************************** #ရှင်ပင်ခရုဘုရားသမိုင်းအကျဉ်း ရှင်ပင်ခရုဘုရားသည်း ထားဝယ်မြို့၊ ကရပ်ပြင်ရပ်၏ ရွာဘုရား၊ ရပ်ဘုရား ဖြစ်ပါသည်။ ဘုရားတည်ရှိသော နေရာတွင် ထားဝယ်ခေါ် ရှားပင် “ ခရေပင် ” နှစ်ပင် ညီနောင် ပေါက်ရောက်စည်ပင်ခဲ့ရာ ထိုခရေပင်နှစ်ပင်အလယ်တွင် ဧရာမခရုကြီးတစ်ကောင် ပေါ်လာရာမှ ခရုခွံပေါ်တွင် စေတီတည်ခဲ့သည်ဟု ဆိုပါသည်။ ( ရှေးယခင်က စာပေပြုစု စုဆောင်းသူ ရှားပါးသဖြင့် သက္ကရာဇ် ရှာမတွေ့တော့ပါ။ ) “ ရှားပင် (ခရေပင်) နှစ်ပင် နှင့် ခရုပေါ်မှာဘုရား ” ဟူ၍ အမည်တွင်လာသည်ဟု ဆိုရိုးရှိပါသည်။ ခရေညီနောင်နှစ်ပင်သည် သက်တမ်းအတော်ကြာသည့်အပင်ဖြစ်သော်လည်း ဘုရားပွဲပြုလုပ်ကျင်းပသည့်အခါ ဇာတ်စင်ဆောက်လုပ်ရာမှ ချိုင်ခြင်း၊ ဖြတ်ခြင်းဖြင့် သေသွားပါသည်ဟု သိရှိရပါသည်။ ကရပ်ပြင်ရပ် အချို့နေရာများတွင် ရေတွင်းတူးသောအခါ မြေအောက်မှ ကမ်းစပ်နုန်းမြေများ၊ ခရေရွက်ခြောက်များ တွေ့ရှိသဖြင့် တစ်ချိန်က ရေလွှမ်းမိုးရာ ကမ်းစပ်၊ ပေါက်တိုင်းချောင်းမှ ဒီရေတက် မိုးကြီးလာသည့်အခါ ကရပ်ပြင်ရွာ အစပ်အထိ၊ အရှေ့ဘက်ခြမ်း ဇလွန်းရွာ၊ သပြေချောင်းရ

သမိုင်းဝင် ရှင်ကိုးရှင် (ထားဝယ် ခရိုင်)

Image
  ဒီနေ့တော့ C4T ရဲ့ Vlog ကနေ တစ်ဆင့် ထားဝယ်မြို့ရဲ့ အထင်ကရ ရှင်ကိုးရှင် ဘုရားများကို သွားဖူးကြစို့နော်။ "ရှင်ကိုးရှင်" မှ ရှင်ပင်ခရု၊ ရှင်မုတ္ထီး၊ ရှင်ဥသြနှင့် ရှင်ဓာတ်ဝဲတို့က ထားဝယ်မြို့နယ်တွင် တည်ရှိပြီး၊ ရှင်မျှော်တောင်၊ ရှင်တောက်ထိန်နှင့် ရှင်ဇလွန်တို့သည် လောင်းလုံမြို့နယ်၊ ရှင်တောင့်ပုံက သရက်ချောင်းမြို့နယ်၊ ရှင်ဆံတော်က ရေဖြူမြို့နယ် စသဖြင့် အသီးသီး တည်ရှိကြပါတယ်။  "ရှင်ကိုးရှင်" တည်ရာ ပထဝီမြေအနေအထားများအရ  'တောင်သုံးတောင်၊ တောသုံးတော၊ မြို့သုံးဆူ' လို့လည်း အမှတ်အသား ပြုထားကြပါတယ်။ 'တောင်သုံးတောင်'ရှင်များက - ရှင်ဆံတော်၊ ရှင်မျှော်တောင်၊ ရှင်တောင့်ပုံ။  'တောသုံးတော'ရှင်များက - ရှင်ဓာတ်ဝဲ၊ ရှင်ဇလွန်၊ ရှင်တောက်ထိန်။  ရှင်ပင်ခရု၊ ရှင်ဥသြနဲ့ ရှင်မုတ္ထီးတို့ကတော့ မြို့ပေါ်မှာတည်ထားတဲ့ ဘုရားများဖြစ်တာကြောင့် 'မြို့သုံးဆူ' လို့ ခေါ်တွင်ကြပါတယ်။  (1) ရှင်ပင်ခရု   ရှင်ပင်ခရုစေတီတော်က ထားဝယ်မြို့၊ ကရင်ပြင်တောင်ရပ်ကွက်၊ အာဇာနည်လမ်းမှာတည်ရှိပြီး လွန်ခဲ့သောနှစ်ပေါင်း (၃၀၀) ခန့်က တည်ထားခဲ့တယ်လို့ ယူဆကြပါတယ်။ စေတီတော်ကို