ရှင်ဥဩ နန်းဦးစေတီ (သမိုင်းဝင် ရှင်ကိုးရှင်)


#ရှင်ဥသြဘုရား🙏🙏🙏

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ပိန္နဲတော ရပ်ကွက်။

*******************************************


ရှင်ဥဩ ဘုရားသမိုင်း

ထားဝယ်မြို့၊ပိန္နဲတောရပ်ကွက်၊ ရွှေကျောင်းကြီးဝင်းအတွင်း၌ တည်ရှိသော ရှင်ဥသြစေတီ သည်ဖောင်းရစ် ၁၁ ရစ်ရှိသဖြင့်တည် ဆောက်ပုံ ထူးခြားသော စေတီတစ်ဆူဖြစ်သည်။ရွှေတောင်စားမင်း၊ မင်းရှင်ဇော်သည် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် ပိန္နဲတောရပ်တွင် ရွှေကျောင်းကြီးကိုဆောက်လုပ်၍ နန်းစံခဲ့ကာ သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် နန်းဦးစေတီအဖြစ် ရှင်ဥသြစေတီကို တည်ခဲ့သည်။မင်းရှင်ဇော် သည် ရွှေဥသြစေတီကိုတည်အပြီး နှစ် နှစ် အကြာတွင် ရွှေတောင်စားစေတီကို ထပ်မံ တည်ထားခဲ့သည်။


ရှင်ဥသြစေတီတွင် မြန်မာသက္ကရာဇ် ၁၁၆၅ ခုနှစ်က ထားဝယ်မြို့ဝန် ရာဇသြင်္က ံ သမီးမောင်နှံ လှူဒါန်းခဲ့သည့် ကုန်းဘောင် ခေတ်ခေါင်းလောင်းတွင် ကမ္ဗည်းစာ ၁၃ ကြောင်းရေးထိုးထားသည်။ ရာဇသြင်္က ံသည် အမရပူရ ပထမမြို့တည် ဗဒုံမင်း၏ ငယ်ကျွန်ရင်း ဖြစ်ကာ ခေါင်းလောင်းစာကြောင်းရေ (၈) တွင် သာယာဝတီ အမည်ရှိသော ဓားဝယ်မြို့ဟု ရေးထိုးထားသဖြင့် ကုန်းဘောင်ခေတ်တွင် ထားဝယ်ကို သာယာဝတီဟုလည်း ခေါ်ဆိုခဲ့ကြောင်း တွေ့ရှိရပေသည်။ ရွှေကျောင်းကြီးအတွင်းဘက်တွင် နန်းဦးဘုရားဖြစ်သည့် ရှင်ဥသြ ဘွဲ့အမည်ရ ရုပ်ပွားတော်သည်လည်း ကိန်းဝပ်စံပယ်လျှက်ရှိသည်...





⭐Original_Uploader⭐

++++++++++++++++++++++++++++++++++ 

 

Comments

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)