ဆင်ကိုးရပ် ရေတံခွန်

 ဆင်ကိုးရပ် ရေတံခွန်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။


ကံပေါက်ဆိုတာ မြို့မကျ တောမကျတဲ့ နယ်မြို့လေးတစ်မြို့ပါ။ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသဆိုတာ အရမ်းစည်ကားတဲ့ နယ်မြို့လေးတစ်မြိုလို့ပဲ တင်စားလိုက်ချင်ပါတယ်။

ကံပေါက်ဟာ အရမ်းထင်ရှားကျော်ကြားတဲ့ ဆင်ကိုးရပ် ရေတံခွန်နှင့် ဖားချောင်းအင်းကမ်းခြေ၊ ကင်းတောင်ရွာမှာရှိတဲ့ ပင်လယ်ကြီးကမ်းခြေ၊ ဖောင်းတောရွာရဲ့ မော်ကြီးကမ်းခြေ စသည့် ကမ်းခြေများစွာရှိတဲ့ နယ်မြိုလေးတစ်မြို့ ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ကံပေါက်မြို့က ရေတံခွန်လေး တစ်ခုအကြောင်းကို ဖော်ပြပေးပါမယ်နော်။


 ဆင်ကိုးရပ် (သို့မဟုတ်) ဆင့်ကိုးထပ် ရေတံခွန်



ဘယ်လိုသွားမလဲ

ရေတံခွန်က ကံပေါက်မြို့အ၀င် လမ်းနံဘေးမှာတည်ရှိပါတယ်။ ထား၀ယ်ကနေ ၄၉ မိုင်သွားပြီးလို့ကလိန်အောင်ရောက်ရင် ကံပေါက်ကိုသွားတဲ့ လမ်းခွဲလေးအတိုင်း ၀င်သွားရတဲ့ ကံပေါက်မြို့အ၀င်မှာတွေ့ပါလိမ့်မယ်။ ရေတံခွန်အနီးမှာ ယာတောတွေ ရှိပါတယ်။ ယာထဲသွားသည့် လမ်းလေးအတိုင်း ရေတံခွန်ကို သွားလို့ရပါတယ်။ မြေသားလမ်းမို့ မိုးရာသီဆို လမ်းနည်းနည်း ဆိုးပါတယ်။ ကားလမ်းမကနေ ယာတောသွားသည့် လမ်းလေးအတိုင်း မိနစ် ၃၀ ခန့်သွားရင် ရေတံခွန် အစပ်နား ရောက်ပါတယ်။ ရေတံခွန် အစပ်နားအထိပဲ ယာဉ်သွားလို့ ရပါတယ်။ ထိုနေရာကနေ လမ်းမှာချောင်းရိုးလေး ၂ ခုကိုဖြတ်ပြီးရင်တော့ သဘာဝအလှတွေ ဖုံးလွမ်းထားတဲ့ တောတောင်သဘာဝအလှတရား စစ်စစ်တွေကို မြင်တွေ့ ရမှာပါ။

ရေတံခွန်ကို ရောက်ရင်တော့ ဖြင့် အရမ်းကိုလှပတဲ့ ရှုခင်းလေးတွေကို မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။


ရေတံခွန် ပုံစံ


ရေတံခွန်က တော်တော်မြင့်ပါတယ်။ ဆင်ကိုးရပ် ဆိုတဲ့ နာမည်အတိုင်း ကျောက်ဖျာများပေါ်မှ အဆင့်ဆင့် စီးကျနေတဲ့ ရေတံခွန် အထပ်ပေါင်း ၉ ထပ်ခန့် ရှိပါတယ်။ တစ်ထပ်ချင်းစီမှာ စမ်းရေအိုင် လေးတွေလည်း ရှိတော့ ရေဆော့လို့လည်း ရပါတယ်။ သဘာဝ တောင်တောင်နဲ့ ရေတံခွန် ပေါင်းစပ်ထားတဲ့ အလှက ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလွန်းပါတယ်။

အားလုံး အေးချမ်းသွားခဲ့ရင် မြန်မာပြည် တောင်ဖက်ဖျားက တနင်္သာရီမြေကို အလည်လာရင်း သဘာဝ အလှအပတွေကို ခံစားဖို ဖိတ်ခေါ်ပါရစေနော်။



P-s  သဘာဝအလှအပတွေ မပျက်စီးရအောင် အမှိုက်များ၊ ဘီယာဗူးခွံများနဲ့ အရက်ပုလင်းများကို ရေထဲသို့မပစ်ချပဲ စနစ်တကျစွန့်ပစ်ပေးကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။


Reference - Online

Edited by Phoenix

Comments

Post a Comment

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)