Posts

Showing posts from September, 2022

ပလ ကမ္ဘာလှ ပါဒရွှေစက်တော်ရာ🙏🙏🙏

Image
#ပလ ကမ္ဘာလှပါဒ ရွှေစက်တော်ရာ🙏🙏🙏 မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်း။ ************ ပါဒစက်တော်ရာဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊  စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်တည်ရှိကာ ပလစက်တော်ရာဟု လူသိများခဲ့သော ကမ္ဘာလှတောင် စက်တော်ရာဘုရားသည် ပလမြို့အနောက်ဘက် (၂)မိုင်ခန့်ကွာဝေးပြီး ပုလောမြို့နယ် တောင်ဘက် (၁၆)မိုင်ခွဲခန့် ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၂၈၀)ခန့်တွင် တည်ရှိသည်။ သမိုင်းမှတ်တမ်းများအရ ကမ္ဘာလှတောင်ကို ရသေ့တောင်ဟု အမည်တွင်ခဲ့ရာမှ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စတင်တွေ့ရှိခဲ့သည့် အချိန်မှစ၍  ဒေသခံများက စက်တော်ရာတောင်ဟူ၍လည်းကောင်း၊ ဘုရားတောင် ဟူ၍ လည်းကောင်း ခေါ်တွင်လာကြရာမှ တောင်ခြေအနီး၌ နေထိုင်ကြသော ကရင်လူမျိုးများက ကမ္ဗလတောင်ဟု ခေါ်ဆိုကြသည်။ တောင်နှင့်မြောက် စီးဆင်းနေသော ချောင်းကိုအစွဲပြု၍ ကမ္ဗလတောင်ဟုခေါ်တွင်လာရာမှ ယခုအခါ ကမ္ဘာလှတောင်ဟူ၍ အဆင့်ဆင့် အမည်ခေါ်တွင်လာခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။ #ပလကမ္ဘာလှပါဒ ရွှေစက်တော်ရာ သမိုင်း   ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~  ပလစက်တော်ရာရဲ့ သမိုင်းကို

ဆင်ကိုးရပ် ရေတံခွန်

Image
 ဆင်ကိုးရပ် ရေတံခွန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။ ကံပေါက်ဆိုတာ မြို့မကျ တောမကျတဲ့ နယ်မြို့လေးတစ်မြို့ပါ။ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသဆိုတာ အရမ်းစည်ကားတဲ့ နယ်မြို့လေးတစ်မြိုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ ကံပေါက်ဟာ အရမ်းထင်ရှားကျော်ကြားတဲ့ ဆင်ကိုးရပ် ရေတံခွန်နှင့် ဖားချောင်းအင်းကမ်းခြေ၊ ကင်းတောင်ရွာမှာရှိတဲ့ ပင်လယ်ကြီးကမ်းခြေ၊ ဖောင်းတောရွာရဲ့ မော်ကြီးကမ်းခြေ စသည့် ကမ်းခြေများစွာရှိတဲ့ နယ်မြိုလေးတစ်မြို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကံပေါက်မြို့က ရေတံခွန်လေး တစ်ခုအကြောင်းကို ဖော်ပြပေးပါမယ်နော်။  ဆင်ကိုးရပ် (သို့မဟုတ်) ဆင့်ကိုးထပ် ရေတံခွန် ဘယ်လိုသွားမလဲ ရေတံခွန်က ကံပေါက်မြို့အ၀င် လမ်းနံဘေးမှာတည်ရှိပါတယ်။ ထား၀ယ်ကနေ ၄၉ မိုင်သွားပြီးလို့ကလိန်အောင်ရောက်ရင် ကံပေါက်ကိုသွားတဲ့ လမ်းခွဲလေးအတိုင်း ၀င်သွားရတဲ့ ကံပေါက်မြို့အ၀င်မှာတွေ့ပါလိမ့်မယ်။ ရေတံခွန်အနီးမှာ ယာတောတွေ ရှိပါတယ်။ ယာထဲသွားသည့် လမ်းလေးအတိုင်း ရေတံခွန်ကို သွားလို့ရပါတယ်။ မြေသားလမ်းမို့ မိုးရာသီဆို လမ်းနည်းနည်း ဆိုးပါတယ်။ ကားလမ်းမကနေ ယာတောသွားသည့် လမ်းလေးအတိုင်း မိနစ် ၃၀ ခန့်သွားရင် ရေတံခွန် အစပ်နား