ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း


ကော့သောင်း  ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း
==================================================================

မြန်မာနိုင်ငံတောင်ဖက်စွန်း       ကော့သောင်းမြို့မှ       မြောက်ဘက်သို့ ပြည်ထောင်စု လမ်းမကြီးအတိုင်းသွားမည်ဆိုပါက (၂၅)မိုင်ခန့်အကွာမှာ                      "မလိဝမ်း” လို့ခေါ်သည့် ကျေးရွာလေးတစ်ရွာရှိသည်။

 ၁၇၅၀ပြည့်နှစ်ဝန်းကျင်ခန့်က ပါချန်မြစ်ရိုးချောင်းဖျားဒေသများသို့    ထိုင်း - ရှမ်း၊ ပသျှူး ၊ ဆလုံ နှင့်    လူနည်းစု  မြန်မာလူမျိုးများသည်      အခြချနေထိုင်ကြဖို့ နယ်ပယ်ရှာဖွေ ကြရင်း    တစ်နေ့မှာ    တောစံပယ်ပန်းလေးများ  အစီစီအရီရီ  ပွင့်ဖူးနေသည့် ကျယ် ဝန်းပြန့်ပြူးပြီး   အခြေချ  နေထိုင်ကြဖို့   သင့်တော်သည့်    ထိုနေရာ လေး ကိုစတင်တွေ့ရှိ ခဲ့ကြကြောင်းမှတ်သားဖူးသည်။ ထိုင်းဘာသာစကား (မာလိ=စံပယ်ပန်း၊  ဝမ်=နေ့၊ မာလိဝမ်=စံပယ်တောပန်းလေး များပွင့်သောနေ့) မှသည် (မလိဝမ်းကျေးရွာ ) ဟု ဆင်းသက် ခေါ်ဝေါ် ခဲ့ကြကြောင်းသိရသည်။

မလိဝမ်းကျေးရွာ တွင်    အိမ်ခြေ  ( ၁၀၀၀ )ကျော်  ခန့် ရှိပြီး ကျေးရွာပြည်သူများမှာ    မိရိုးဖလာ  ဥယျာဉ်ခြံ၊  ရော်ဘာခြံ၊  လယ်ယာစိုက်ပျိုးရေး ၊ ရောင်းဝယ်ဖောက်ကားလုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြု ကြသည်။
 ကြည်နှုးဖွယ်   ကောင်းသည်မှာ  ထိုရွာလေး တွင်      ကော့သောင်းမြို့ ၏ တစ်ခုတည်းသော သဘာဝအပန်းဖြေ ရေတံခွန်  နှင့် သဘာ၀ ရေပူစမ်းတည်ရှိနေခြင်းဖြစ်သည်။
မလိဝမ်း ရေတံခွန်မှာ ဗြိတိသျှ လက်ထက် က သတ္တုတူးဖော် ရေးလုပ်ငန်းသုံး  ရေအားလျှပ်စစ်ထုတ်ယူခဲ့ကြောင်း၊ ယခင်ကာလ များ က  အဆိုပါရေတံခွန် နှင့်ရေပူစမ်းနေရာသည် သဘာ၀ အနေ အထားအတိုင်း တောတောင်ထတွင်  ဒေသပြည်သူများ ခက်ခဲစွာ သွားရောက်လည်ပတ် အနားယူ အပန်းဖြေခဲ့ကြသည်။
အခုအခါ ဒေသခံ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ  တစ်ခုဖြစ်သည့့် TZK ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကုမ္ပဏီ က ဒေသဖွံ့ဖြိုးတိုးတက်သာယာလှပရေး လုပ်ငန်း အဖြစ် အကျိုးတူပူးပေါင်းဆောင်ရွက် ကာ ရေတံခွန် နှင့် ရေပူစမ်း ဝန်းကျင် စိမ်းလန်းစိုပြည်မှုလုပ်ငန်းများအဖြစ် ၊ အပန်းဖြေ အနားယူရန်နေရာနေရာများ ၊ ဘန်ဂလိုအဆောက်အအုံများ၊  ခေတ်မီ အသုံးအဆောင် ပစ္စည်းများနှင့် သဘာ၀ အလှ မပျက်ယွင်းစေရန်ဆွဲဆောင်  ဖန်တီးမွမ်းမံတည်ဆောက် ထား၍ ယခင်ကာလများက ဒေသနေပြည်သူများ အားလပ်ရက်မှာ မိသားစုအလိုက် ပျော်ပွဲစားထွက်အနားယူခြင်းများ အပြင် ထိုင်း -မြန်မာ နယ်စပ်ဖြတ်သန်း ကာ ကော့သောင်းမြို့ သို့ လာရောက် လည်ပတ်ကြသည့်  နိုင်ငံခြားခရီးသွားဧည့်သည်များပါ အနားယူအပန်းဖြေ နေကြပြီး ကိုဗစ်-၁၉အလွန်ကာလ ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးလာချိန်  ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းဖိတ်ခေါ် လိုက်ပါသည်။

          ကျော်စိုး (ကော့သောင်း)
မူရင်းရေးသားသူနှင့် ဓာတ်ပုံ ပိုင်ရှင်များအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments

  1. ဗဟုသုတတွေရကျေးဇူးပါ

    ReplyDelete

Post a Comment

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)