ရှင်တောင့်ပုံစေတီတော်မြတ် (‌သမိုင်းဝင် ရှင်ကိုးရှင်)


==============
ရှင်တောင့်ပုံစေတီတော်မြတ် 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့။

ရှင်တောင့်ပုံစေတီ

ထားဝယ်မြို့မှ ၁၈ မိုင်အကွာ၊ သရက်ချောင်းမြို့နယ်၊အရှေ့တောင်ပေါ်တွင်တည်ရှိပါသည်။ သမိုင်းဝင် " ရှင်တောင့်ပုံ " စေတီသည် ( မြှားပုံ ) ( မြှားပလုံး ) ( မြှားကျည်တောက် ) များစုပုံရာဘုရားစေတီဟုအဓိပ္ပာယ်ရပါသည်။အမြင့်ပေ ( နှစ်ထောင် ) ကျော်ခန့်တွင်တည်ရှိသောတောင်ပေါ်စေတီလေးတဆူဖြစ်သည်။ "တောင့်ပုံမတ်စောက်တက်မရောက်" ဟူ၍ဆိုရိုးစကားရှိသောစေတီရှိရာတောင်ပေါ်သို့မြွေလိမ်မြွေကောက်ပုံသဏ္ဍန်၊ ကွန်ကရစ်လမ်းခင်းထားသောကြောင့် ကား၊ဆိုင်ကယ်ဖြင့်လွယ်ကူစွာသွားရောက်ဖူး​မျှော်နိုင်ပါသည်။

" စေတီ၏ သမိုင်းအကျဥ်း "

"မှိုင်းကာရီ" ကိုအုပ်စိုးသောဆင်ဖြူရှင်မဟာနရိန္ဒဘွဲ့ခံ မင်းတရား၏မိဖုရားကြီး စုမဒ္ဒီဒေဝီအလိုဆန္ဒအတိုင်း ရွှေအဆင်းရှိသောဥဒေါင်းကိုဖမ်းယူပြီးနန်းတော်အတွင်းမွေးမြူရန်အတွက် မုဆိုးအကျော်အမော်ဖြစ်သည့် မုဆိုးကျော် မောင်နွားကိုလွှတ်၍ဖမ်းစေခိုင်းခဲ့ပါသည်။ မုဆိုးကျော်ကြီးလည်းဥဒေါင်းဖမ်းရန်ထွက်လာစဉ်ရှင်တောင့်ပုံစေတီတည်ရာတောင်ပေါ်တွင် ဂီရိပစ္စယရသေ့ကြီးနှင့်မုဆိုးတို့တွေ့ဆုံကြ၍အကြောင်းစုံကို မုဆိုးကရသေ့ကြီးအားလျောက်ထားရာ ရသေ့ကြီးကတရားဓမ္မဟောပြ၍ မုဆိုးကြီးလည်းတရားရကာရသေ့ဝတ်ခဲ့ပါသည်။

မုဆိုးကြီး၏ငယ်နာမည်တွင်မောင်နွားဖြစ်သဖြင့် ဂေါဝိန္ဒရသေ့ဟုအမည်ခေါ်တွင်ခဲ့ပါသည်။ မုဆိုးကြီး၏
အသုံးအဆောင်လက်နက် ကရိယာထည့်သော " တောင်းပလုံး "တို့ကိုမီးပုံ၍ရှို့သောနေရာ၌အထိမ်းအမှတ်စေတီတည်ရာ" ရှင်တောင့်ပုံစေတီ " ဟုအမည်တွင်ခဲ့ပါသည်။ ထိုစေတီကို (ပုဂံ) ခေတ်ဦးကာလ၊ ပျူခေတ်ကတည်းကတည်ထားခဲ့ဟန်ရှိသည်ဟူ၍ ယူဆရသောစေတီဖြစ်သောကြောင့်၊ ကောဇာသက္ကရာဇ် ( ၉၇ ) ခုနှစ်၌တည်ထားခဲ့ကြောင်းခန်မှန်းသိရှိခဲ့ပါသည်။ "ရှင်တောင့်ပုံ"
စေတီ၌မြတ်စွာဘုရား၏သရီရဓါတ် တော်များကို ဌာပနာထားတည်ထားသည်ဟုလည်းဆိုကြပါသည်။ရှင်တောင့်ပုံစေတီတော်၌
ရောင်ခြည်တော်ကွန့်မြူးပြီး၊ တန်ခိုးတော်ပြာဋိဟာ ပြသည်ဟူ၍လည်းသမိုင်းစာအုပ်တွင်ဖော်ပြထားပါသည်။

နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့်
အိမ်မှာနေရင်းဘုရားဖူးနိုင်ကြပါစေ

တောင်ပေါ်မှ မြင်ရသော ရှုခင်း

Crd : Original author and Photographers
   

Comments

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)