ရှင်ဇလွန်စေတီ (သမိုင်းဝင် ရှင်ကိုးရှင်)

#ရှင်ဇလွန်စေတီ 🙏🙏🙏
တနင်္သာရီတိုင်းဒေသကြီး၊ 
********************************************
ရှင်ဇလွန် စေတီသည် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းသာဂရ တွင်တည်ရှိပါသည်။ ရှင်ဇံ တည်ခဲ့သော ရှင်ဓာတ်ဝဲ ဘုရား၏ ထားဝယ်မြစ်တစ်ဖက်ကမ်းတွင်တည်ရှိပြီး ရှင်ကိုးရှင် အစဉ်အတိုင်းတွင် သတ္တမ နေရာ၌တည်ရှိပါသည်။

#ရှင်ဇလွန်ဘုရားစေတီသမိုင်းအကျည်းချုပ်မှာ
သမိုင်းအရ ကောဇာသက္ကရာဇ် (၁၅၀) ပြည့်နှစ်တွင် နှမ မယ်ရှင်ဇောက မိမိရရှိထားသောဓာတ်ပွားကို အဓိဌာန်ဖြင့် လွှတ်ရာ ထားဝယ်မြစ်နောက်ဘက်ကမ်း မြတ်စွာဘုရား၏ သလွန်တော် ဋ္ဌာပနာဖူးသည့် စေတီဟောင်းနေရာတွင် ရပ်တန့်၍ ထိုစေတီဟောင်းကို ထပ်မံဋ္ဌာပနာထားပြီး စေတီတည်လေသည်။ မြတ်စွာဘုရား၏ မြသလွန်တော်ကို ဌာပနာဖူးပြီးတည်ထားစေတီဟောင်းကိုပြုပြင်တည်ထားသောကြောင့် ရှေးတည်ရင်းအမည် ဟောင်းအတိုင်းပင် "ရှင်သလွန်စေတီတော်" ဟုခေါ်တွင်လေရာမှ" ရှင်ဇလွန်" စေတီတော်ဟု၍အမည်တွင်လာသည်ဟုလည်းအဆိုရှိပါသည်။
ရှင်ဇလွန်ဘုရား၏ ထူးခြားချက်မှာ စေတီ၏ ခေါင်းလုံးပုံ မထက်ပိုင်းပတ်လည် အင်္ဂတေ ပန်းဖြစ်ပါသည်။ သီရိဝစ္ဆ ပုံ အင်္ဂတေပန်းဖြစ်၍ အလွန်ရှေးကြပြီး ပျူခေတ်နှင့် ခေတ်ပြိုင်ဟုယူဆရပါသည်ဟုလည်းအဆိုရှိပါသည်။
မိန်းမပြန်လည်ပြုပြင်တည်ထားသော ရှင်လွန်စေတီဖြစ်၍ ထီးတော်တင်သည့် အခါ
မိန်းမ ပါမှအောင်မြင်သည်ဟုလည်း အဆိုရှိပါသည်။

"ရှင်ဇော နှင့် ရှင်ဇံ ကိုမွေးဖွားပေးခဲ့သော မိခင် ငါးခုံးမကြီး သမိုင်းအကျည်းချုပ်"

စတုမဟာရာဇ် နတ်ပြည်မှ နတ်သမီးတစ်ဦးသည် နတ်သက်စေ့၍ အကုသိုလ်ကံ ဖိစီးပြီး မိဿက ကံဟောင်းကြောင့် ဥပပတ် ပဋိသန္ဒေတည်၍ ငါးခုံးမ ဘဝကိုရောက်ခဲ့လေသည်။
တနေ့သောအခါတွင် ငါးခုံးမကြီးသည် တစ်ကောင်တည်း အေးချမ်းစွာ နေလိုသည့် ဆန္ဒဖြင့် မိမိအပေါင်းအဖော်များကို ခွဲခွာ၍ သွားလေရာ တစ်ခုသော တောင်ခြေရင်းအနောက်ဘက်ရှိ ရေအိုင်တွင် ယခုခေါ်( ဇလွန်းတောင်ခြေ) ငါးရံ့ကြီးနှင့်တွေ့ရှိ၍ အတူတကွ ကျက်စားနေကြလေသည်။

ငါးရံ့ကြီးကျက်စားနေသည့်ရေအိုင်ကို " ငါးရံ့မင်းအိုင်" ဟုအမည်တွင်ကာ ယနေ့တိုင် ထင်းရှား ရှိလေသည်။

ထိုနောက် တနေ့သ၌ အခြားသော ငါးရံ့ကြီးတစ်ကောင်သည် ယင်း ငါးခုံးမကြီးကို မြင်၍ လိုက်လေရာ ငါးခုံးမကြီးသည် ရေသာရာသို့ ထွက်ပြေးလေရာ " ဝေဿဝဏ္ဏကုန်းစပ် နတ်ရေကန်သို့ရောရှိလာလေသည်။ သမိုင်းအရ ကောဇာသက္ကရာဇ် ( ၁၀၀ ) ခန့်လောက်အခါက ဤ နေရာများသည် ရေချင်းဆက်စပ်လျှက်ရှိသည်ဟုဖော်ပြထားပါသည်။
ထို့နောက် ငါးခုံးမကြီးသည် ရသေ့၏ အညစ်ကြေးများကိုစားမိသဖြင့် ပဋိသန္ဒေတည်ပြီး ရှင်ဇော နှင့် ရှင်ဇံ အမြွာမောင်နှမကိုမွေးဖွားပြီးအချိန်တွင်ပင် ကျောက်ကမ်းပါးတစ်ခုထက်၌ ရင်ကွဲ၍ သေရှာလေသည်။
ရှင်ဇောနှင့်ရှင်ဇံသည် လယ်သမားကြီး လင်မယားဘဝမှစပြီး ရောက်လေရာ ဘဝမှာ အတူတကွ နေထိုင်ရပါလို၏ဆိုလည်း ဆုပန်ထားဖူးသည်ဟုလည်း သမိုင်းမှာ ဖော်ပြထားပါသည်။
ထိုနောက် "ငါးခုံးမကြီး" သားရိုးဓာတ်များကို ရွှေချပြီး ရှေးအခါ ဂေါဝိန္ဒ ရှင်သေ့နှင့် သမ္ဗန်မင်းလက်ထက်(ရှင်ဇံသည် သာဂရမြို့ သမ္ဗန် ရှင်ဇံ နန္ဒိယ) ရှင်ဘုရားမင်းတစ်ပါးဖြစ်ခဲ့ဖူးသည်ဟုသမိုင်းမှာဖော်ပြထားပါသည်။ ထိုမှအစဉ်အဆက်ထိန်းသိမ်းလာကြရာ ယခုအခါ
ထားဝယ်မြို့မှ အရှေ့တောင်ဘက်(၃) မိုင်ခန့်အကွာ "ကူးတို" ့ကျွေးရွာရှိ ရွှေတောင်ဘုန်းတော်ကြီးကျောင်းတွင်( ငါးခုံးမရုပ်) ပုံကိုလည်းကောင်း

ထားဝယ်မြို့မှ အရှေ့တောင်ဘက် မြိတ်မြို့သွား ကားလမ်းအဆက်တွင်ပင် ထားဝယ်မြို့မှ (၁၈) မိုင်ခန့်အကွာ သရက်ချောင်း မြို့ ( ပန်းတောရပ်ကွက်) ရှိ အောက်ရွှေတောင် ဘုန်းတော်ကြီးကျောင်းတွင် " အင်တုံ" ကိုလည်းကောင်း ထိန်းသိမ်းထားရှိပါသည်ဟုဖော်ပြထားပါသည်။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)