မြတ်ရှင်မော်ဘုရား (သမိုင်းဝင် ရှင်ကိုးရှင်)


#မြတ်ရှင်မော်ဘုရား🙏🙏🙏
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ။
********************************************

ရှင်ကိုးရှင် သမိုင်းဝင် ဘုရား ဖြစ်ပြီး ပင်လယ်ဝတွင်တည်ရှိရာ ထို ဘုရားသည် ထားဝယ်မြို့နှင့် (၅၂)မိုင်ကျော်ကွာဝေးသော လောင်းလုံမြို့နယ် ၊ ကြက်လွှတ်ရွာ အနီးရှိ ရှင်မျှော်တောင် ပေါ်တွင် တည်ရှိပါသည်။ယခင်က ဘုရားရှိရာ သို့ သွားမည်ဆိုပါက ထားဝယ်မြို့ မှ စက်လှေဖြင့် ကြက်လွှတ်ရွာထိ သွားရပြီး ၊ ကြက်လွှတ်ရွာ မှ ဘုရား တည်ရှိရာ ရှင်မျှော်တော်ပေါ်သို့ တော်ပေါ်ခရီး (၃) မိုင် ခန့် ဆက်လက်တတ်ရောက် မှသာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။ ယခု အခါ ထားဝယ်မြို့ မှ ဘုရားရှိရာ တောင်ပေါ် အထိ အချိန်အားဖြင့် (၃) နာရီ ခန့် မော်တော်ကားများ ဖြင့် သွားရောက်နိုင်ပါပြီ။ ဘုရား သမ်ိုင်းအရ ဂေါတမ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ် (၂၂၀)ဘောဂဝတီ နဂါးပြည် ၌ ကိုးကွယ်ထားသော လက်ယာ အံတော်ကို နဂါးမင်းကြီး၏ တူတော် နဂါး စစ်သူကြီး ဝသုလ ဒေဝ သည် နဂါးပြည်မှ ယူဆောင်လာပြီး ရှင်မျှော် တောင်ရှိ လင်းလွန်းပင်ကြီး ခွကြားတွင် ဝှက်၍ တိတ်တဆိတ်ကိုးကွယ် ထားသည်ဟုဆိုသည်။ ထို့နောက် မဟာဗန္ဓဝ ၊ စူဠဗန္ဓဝ ရဟန္တာ ညီနောင် နှစ်ပါး၏ စီစဉ်မှုဖြင့် တနင်္သာရီ တိုင်း ကောရမ္ဘမင်း၊ ဒူရကတိုင်း အောင်သာဝတီပြည်မှ (ကလိန်အောင်ရွာ) ဓမ္မသေနမင်း၊ နဂါးမင်းကြီး တို့ သုံးပါး ဆုံ၍ ၎င်း အံတော်အား အထူးထူးသော ပူဇော်မှုများဖြင့် ပူဇော်ကာ အဖိုးတန် ပစ္စည်းများကို ဌာပနာ ၍ သက္ကရာဇ် (၂၃၈) ခုနှစ်၊ တပေါင်းလပြည့်နေ့ တွင် ရှင်မျှော်တောင်ဘုရားကို တည်ခဲ့ကြသည်။ ထို့နောက် သက္ကရာဇ် (၅၁၇) ခုနှစ်တွင် ပုဂံပြည်မှ အလောင်းစည်သူမင်းကြီး၊ သက္ကရာဇ် (၅၅၆) ခုနှစ်တွင် နရပတိ စည်သူမင်း၊ သက္ကရာဇ် (၈၅၀) ခုနှစ်တွင် ဝေဒီမြို့ မင်းသီလ တို့သည် ရှင်မျှော် တောင် သို့ ရောက်လာကြပြီး ရွှေသင်္ကန်း ကပ်လှူခြင်း၊ စေတီငယ်များ တည်ခြင်း စသည် တို့ အသီးသီး ကုသိုလ်ပြုခဲ့ကြပါသည်။ ထိုစေတီ တော်တွင် သီလ စင်ကြယ်စွာ ယုံယုံကြည်ကြည် ဆောက်တည်၍ မိမိတို့ အလိုရှိ သော ဆုကိုတောင်းသော်ပြည့်စုံ သောကြောင့် ဆုတောင်းပြည့်စေတီ ဟုလည်း ခေါ်ဝေါ်ကြပါသည်။


Video Link
https://www.youtube.com/watch?v=A6D-gjAIFVQ

Comments

Post a Comment

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)